သို့ရာတွင် တာဝန်ခံအယ်ဒီတာ ဖြစ်သောမြတ်ခိုင်မှ ယင်းကိစ္စမှာ မိမိနှင့်လုံးဝ မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့ပြီး ၊ဒေါ်အောင်ဆန်းစုကြည်အား သူမ၏နေအိမ်တွင် သွားရောက် တောင်းပန်ခဲ့ကြောင်း သိရှိရပါသည်။ တရားရုံး၏ အဆုံးအဖြတ် အမိန့်ချမှတ်ခြင်း မရှိသေးသော အမှုကို ကြိုတင်ခန့်မှန်း ရေးသားပြောဆိုခဲ့ကြသော ဦးအောင်ဆန်းဦး၊ မော်နီတာဂျာနယ် ထုတ်ဝေသူ ပန်းချီလှမြင့်ဆွေ(ခ) ဗိုလ်ကြီးလှမြင့်ဆွေ(စည်ပင်)နှင့် မော်နီတာဂျာနယ် ၊လျှပ်တပြက်ဂျာနယ် အယ်ဒီတာမြတ်ခိုင်တို့အား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုလိုက်ကြောင်း သိရှိရပါသည်။ ယင်းအမှုကို ၂၀၁၁ခု ၊ အောက်တိုဘာလ(၂၇)ရက်နေ့၊ နံနက်(၁၀)နာရီတွင် လက်ခံရန်သင့်၊ မသင့်ကြားနာမည်ဟု သိရှိရပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်မည်ဟု သိရှိရပါသည်။
ပြည်သူ့သတင်းထောက်...



No comments:
Post a Comment