Saturday, 22 October 2011

ဗမာတနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ (၄၉) နှစ်မြောက် မွေးနေ့ပွဲ အခမ်းအနား

ဗမာတနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ (၄၉) နှစ်မြောက် မွေးနေ့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ သမိုင်းမြို့မ ပရိယတ္တိ စာသင်တိုက်မှာ မိသားစုက အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၈ နာရီတွင် ကျင်းပခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဒုတိယဥက္ကဌ ဦးတင်ဦး ၊ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် ဗဟိုအလုပ်အမူ့ဆောင်အဖွဲ့ဝင် ဦးဝင်းတင် ၊ ဦးသန်းထွန်း ၊ ဦးလှဖေ ၊ ဦးဟံသာမြင့် ၊ ဦးဝင်းမြင့် ၊ ဒေါ်မေ၀င်းမြင့် အပါအ၀င် အဖွဲ့ချုပ်အဖွဲ့ဝင်တွေ တက်ရောကခဲ့ကြပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ အချို့မှ ခေါင်းဆောင်များ ၊ သံတမန် များလဲ တက်ရောက်ခဲ့ကြပါတယ်။ မွေးနေ့ပွဲမှာ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့ အထိမ်းအမှတ် မွေးနေ့ ဆုတောင်းစကား ပြောကြားပါတယ်။

No comments:

Post a Comment