လာမယ့် ဒီဇင်ဘာလ ၁၅ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်က ဦးဆောင်ကျင်းပမယ့် ပြည်ထောင်စု တိုင်းရင်းသားများ ဒေသတွေ အတွက် ပညာရေး ရန်ပုံငွေရှာပွဲကို ကျင်းပခွင့်မပေးနိုင်ဘူးလို့  အာဏာပိုင်တွေက အကြောင်းကြားလာပါတယ်။ ဒီပညာရေး ရန်ပုံငွေရှာဖို့ပွဲကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ရန်ကုန် သုဝဏ္ဏအားကစာကွင်းမှာ ကျင်းပဖို့ သဘောတူညီချက်ရပြီးမှ ၁၆ ရက်နေ့မှာ အမျိုးသမီး အားကစားပွဲတစ်ခု ရှိနေတဲ့အတွက်  ဒီရက်ကို လုပ်ခွင့်မပေးနိုင်တော့ဘူးလို့ ပြောဆိုလာတာပါ။ အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။
ပြည်ထောင်စုတိုင်းရင်းသားများ ဒေသတွေက ကလေးတွေအတွက် ပညာရေး ရန်ပုံငွေရှာပွဲကို NLD ပါတီရဲ့ ပညာရေးကွန်ယက်က ဦးစီးဦးဆောင် စီစဉ်နေတာ ဖြစ်ပြီး