ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၆လမ်း(အထက်) လမ်းသူလမ်းသားများ၏ မရှိဆင်းရဲသားများအား ထမင်းစတုဒီသာ လှူဒါန်းတဲ့ အလှူမြင်ကွင်းပါ..။
ကျွန်တော်တို့ အောက်ခြေလူတန်းစား မြန်မာပြည်သူတွေ့ရဲ့ လက်ရှိအခြေအနေ မြင်ကွင်းပါ..။ လတ်တလော ဓာတ်ဆီဈေးတွေ နိုင်ငံတကာ ဈေးနှုန်းနဲ့ ရောင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတော့.. ကုန်ဈေးနှုန်းတွေ ထိုးတက်ပေါ့..။ ဒီမြင်ကွင်းတွေကို နေပြည်တော်က အရောင်တလက်လက် အသစ်အဆန်းတွေကြားမှ သမ္မတကြီးနဲ့တကွ အနှီသော ပုဂ္ဂိုလ်များ မမြင်ချင်ယောင်ဆောင် မသိချင်ယောင်ဆောင် နေလို့မရပါ...။

အောက်ခြေလူတန်းစား မြန်မာကလေးငယ်လေးတွေရဲ့ ဒီလိုတမနက်စာဟာ သူတို့အတွက် နတ်သုဒ္ဓါအလားပေါ့..။ သားသမီးချင်း၊ မြေးမြစ်ချင်း ကိုယ်ချင်းစာကြည့်ကြပါ.... တိုင်းပြည်အုပ်ချုပ်သူများ ဆိုပြီး နေရာယူထားတဲ့.. နေပြည်တော်မှ တာဝန်ရှိပြီး တာဝန်မသိတဲ့ အနှီသော ပုဂ္ဂိုလ်များ ခင်ဗျား...
ဤသို့ တနပ်စာအတွက် တိုးတိုးဝှေ့ဝှေ့..
ကျောက်တံတားမြို့နယ်၊ ၃၆လမ်း(အထက်) လမ်းသူလမ်းသားများရဲ့ မွန်မြတ်သော အလှူဒါနအား ဝမ်းမြောက်၊ ဝမ်းသာ သာဓု အနုမောဒန ခေါ်ဆိုလိုက်ပါတယ်..။
ဒီမိုဝေယံ
ဓာတ်ပုံ... ဒီမိုကောင်းကင်၊ ဒီမိုဝေယံ

No comments:
Post a Comment