Saturday, 3 December 2011

ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူးရေး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

၂၀၁၅ ဖေဖော်ဝါရီလမှာ နှစ် ၁၀၀ ပြည့်အထိမ်းအဖြစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားကြီးကို ရိုက်ကူးဖို့ ဒေါ်အောင်ဆန်းစုကြည်က နာမည်ကြီး ဒါရိုက်တာများ၊ သရုပ်ဆောင်များနဲ့ ဒီနေ့ညနေက တွေ့ဆုံရာမှာ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။


အဲဒီ ဆွေးနွေးပွဲကို ရုပ်ရှင်လောကမှ အနုပညာရှင် ၁၀၀ ကျော် တက်ရောက်ပြီး ဗိုလ်ချုပ်ရဲ့ ငယ်စဉ်ဘဝ ဖြတ်သန်းမှုနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုတွေကို ရိုက်ကူးစေလိုကြောင်း၊ သရုပ်ဆောင်ရွေးချယ်ရေး စတာတွေကို ဒေါ်အောင်ဆန်းစုကြည်က အကြံတောင်းခဲ့ကြောင်း ဆဲဗင်းဒေး သတင်းဂျာနယ်က ရေးသားထားပါတယ်။

ဓာတ်ပုံများ - Eleven Media Group ၏ ဖေ့စ်ဘုတ်စာမျက်နှာမှ








No comments:

Post a Comment