Thursday, 8 December 2011

ပန်းတနော်မြို့နယ် မှ မတရားစွပ်စွဲခံရသည့် လယ်သမားကြီး ဥိးသန်းထွန်းအား ဒီဇင်ဘာလ (၆)ရက်နေ့က ထောင်ကိုးလ အမိန်ချမှတ်ပြီးမအူပင်ထောင်သို့ ပို့ မည်

ပန်းတနော်မြို့ နယ်မှ မတရားစွပ်စွဲခံရသော လယ်သမားတဦးဖြစ်သူ ဦးသန်းထွန်းအား ၆ရက်နေ့က မြို့နယ် တရားသူကြီးဦးစိန်ကြည်မှ ထောင်ဒါဏ် ကိုးလချမှတ်ခဲ့သည်။ ၇ရက်နေ့မှာတော့ မအူပင်ထောင်သို ပို့ဆောင်တော့မည် ဟု သိရှိရပါသည်။ ယခုအမှုသည် အမှန်တကယ် မတရားထောင်ချောက်ဆင် ဖမ်းဆီးခံ ခဲ့ရခြင်းဖြစ်ပြီး မြို့ နယ်တရားသူကြီးမှ ငွေညှစ်ခဲ့သည့်အတွက် မိသားစုဝင်များမှ နိုင်ငံတော် သမ္မတအထိ တိုင်အောင် တိုင်ကြားခဲ့ပြီး ဖြစ်သည်။ သို့ပါသော်လည်း သက်ဆိုင်ရာ တာဝန်ရှိ အကြီးအကဲများမှ လျှစ်လျှူ ရှုခြင်းခံခဲ့ရသည့် အတွက် မိသားစုဝင်များအနေဖြင့် ပူဆွေးသောက ရောက်နေကြရပါပြီ။ လက်ရှိမြန်မာနိုင်ငံရှိ လာဘ်စားမှု အများဆုံးဌာနတွင် တရားရုံးများနှင့် ဥပဒေ၀န်ထမ်းများ သည်လည်း အဆိုးရွားဆုံး စာရင်းတွင် ပါဝင်နေပါသည်။

Myanmar Mediamm

သမ္မတဦးသိန်းစိန်မှာ Clean Government ၊ Good Government ဟုမည်မျှကြွေးကြော် နေစေကာမူ အောက်ခြေမှာတော့ အာဏာကို အတိုင်းအတာ ကျော်လွန် လုပ်ဆောင်နေမှု တွေကတော့ ယခင်အတိုင်း ပြောင်းလဲမှုမရှိသေးပါဘူး။ ယနေ့ခေတ်မှာတော့ ဘိန်းပစ်ဖမ်းတာထက် ဆိုးတဲ့ ချဲပစ်ဖမ်းမှုကဲ့သို့ ဆိုးရွားလှသော အမှုဆင်ဖမ်းဆီးမှုများအား မိမိနှင့် အဆင်မပြေရင် မပြေသလို  အာဏာပိုင်များနှင့် အဆင်မပြေရင် မပြေသလို တရားရေး ဝန်ထမ်းများအား လာဘ်ပေး၍လည်းကောင်း၊ အာဏာဖြင့်လည်းကောင်း ပြစ်မှုကျူးလွန်သူများအား အပြစ်ဒဏ်ပပျောက်ရန်၊ ပြစ်မှုမကျူးလွန် သူများအား အမှုဆင်ဖမ်းဆီးမှုများ လုပ်ဆောင်နေပါတယ်။

ယခင် လယ်သမားကြီး ဦးသန်းထွန်းအား မတရား အမှုဆင်ဖမ်းဆီးခံရမှုသတင်း CLick

No comments:

Post a Comment