ရန်ကုန် (မဇ္ဈိမ) ။ ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သွားရောက်မည့် နေရာတခုဖြစ်သော ရွှေတိဂုံ စေတီတော်တွင် လုံခြုံရေး အစီအစဉ်များ အထူးတိုးမြှင့်ထားပြီး ဗုံးရှာဖွေမှု တရက် ခြောက်ကြိမ်ခန့်အထိ ပြုလုပ်နေကြောင်း ဂေါပက အဖွဲ့ဝင်တဦးက ပြောသည်။
Wednesday, 30 November 2011
နိုဝင်ဘာလ၂၅ရက်နေ့ က လှိုင်သာယာမှာ ဟောကြားမယ့် ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ တရားပွဲပိတ်ခံရပြီး၊ ဗီနိုင်းကြော်ငြာများအား ဆွဲစုတ်ဖျက်ဆီး၊ ခြိမ်းခြောက်ခြင်းခံရ...
25-11-2011 လှိုင်သာယာ။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ တရားသဘင် ကျင်းပရန်အတွက် အခမ်းအနားပြင်ဆင် ပြီးသွားမှ တိုင်းညွန်ကြားချက်ဖြင့် မြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူများမှ လာရောက် တားဆီးပိတ်ပင် ဖျက်သိမ်း ခဲ့ပါသည်။
သမ္မတကြီးဦးသိန်းစိန်၏ ဆုတောင်း...
သမ္မတကြီးဦးသိန်းစိန်၏ ဆုတောင်း
ဆောင်းပါးရှင် (သီတလ)
ဒီနေ့ (၂၈၊၁၁၊၂၀၁၁) နေ့ထုတ် မြန်မာ့အလင်းသတင်းစာကို ကောက်ဖတ်လိုက်တော့ မျက်နှာဖုံးမှာ သမ္မတကြီး ဦးသိန်းစိန် ဧရာဝတီတံတား(ညောင်တုန်း) ဖွင့်ပွဲ တက်ရောက်တဲ့ သတင်းကို တွေ့လိုက်ရပါတယ်။ ထုံးစံအတိုင်း တံတားဖွင့်ပွဲမှာ မိန့်ခွန်းချွေတာ ဖြစ်လို့ ဘာမှ သိပ်မထူးပါဘူး။ အဲ- ထူးတာကတော့ သူ့စကားအဆုံးမှာ တွေ့ရတဲ့ သူ့ဆုတောင်းပါ။ ဒါကတော့-
Thursday, 24 November 2011
ရွှေပြည်သာ ဆရာတော် တရားဟောခွင့် ပိတ်ပင်ခံရ
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဦးဇ၀နအား ရှမ်းပြည်နယ် ပြည်နယ် သာသနာရေး ဦးစီးဌာန တာဝန်ရှိသူများက တရားဟောခွင့် တနှစ် ပိတ်ပင်လိုက်သည်။
ဆရာဖေ၊ မန္တလေးဆောင်နှင့် ၈၈ အလွမ်းပြေ
ရန်ကုန်တက္ကသိုလ် ဘူမိဗေဒပါမောက္ခ (၁၉၉၈-၂၀၀၁)၊ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာ ဖေမောင်သန်း (ဆရာဖေ) သည် ယနေ့ ၂၂၊ နိုဝင်ဘာ ၂၀၁၁ နေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒီည ၁၀း ၀၀ နာရီမှ အွန်လိုင်းမက်ဆေ့မှတဆင့် ကျနော် ကြားသိရပါတယ်။
ဆရာဦးဖေမောင်သန်းကို ကျနော် ချစ်ခင်လေးစားခဲ့ရပါတယ်။
ဆရာဦးဖေမောင်သန်းကို ကျနော် ချစ်ခင်လေးစားခဲ့ရပါတယ်။
ခေတ်ရေစီးကြောင်းထဲက စာမဖတ်တဲ့ မြန်မာ့ယဉ်ကျေးမှု
"စာအုပ်စာပေ လူ့မိတ်ဆွေ" ဆိုသော စကားသည် မြန်မာလူမျိုးတို့၏ ဆိုရိုးစကား တခုဖြစ်ပါတယ်။ မြန်မာလူမျိုးတို့ စာပေယဉ်ကျေးမှုကို အဘယ်မျှထိ တန်ဖိုးထား မြတ်နိုးတာကို ထင်ဟတ်နေတဲ့ ဆိုရိုး စကားပုံတခု ဖြစ်ပေတယ်။
ဗိုလ်ချုပ်ကြီးနေ၀င်း၏ ပထမဆုံးနှင့် နောက်ဆုံးသတင်းစာရှင်းပွဲ

ဗမာ့ခေတ် ဦးအုန်းခင်
အောင်ဗလ (ကြေးမုံဦးသောင်း)
အိမ်စောင့်အစိုးရတက်လာသောအခါတွင် ဗိုလ်တထောင်၊ ကြေးမုံနှင့် ရန်ကုန်သတင်းစာ တို့ကို အပြစ်ရှာပြီး ပိတ်လေသည်။ အယ်ဒီတာများကို ထောင်ဒဏ်ပေးပြီး၊ သတင်းစာတိုက်များကို အစိုးရသိမ်းစေဟု စီရင် ချမှတ်၏။
အမျိုးသားလွှတ်တော် ကြံ့ဖွံ့အမတ် ဦးခင်ရွှေရတဲ့ ဒေါက်တာဘွဲ့ အတုဖြစ်နေ
ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ ကြီးပွားချမ်းသာလာခြင်းဟာ စစ်အစိုးရက သူကောင်းပြုတဲ့ စီမံကိန်းတွေနဲ့ ခေတ်ပျက်သူဌေးဖြစ်ပြီး ချမ်းသာလာသူ ဖြစ်ပါတယ်။
Gmail, Gtalk ကို မြန်မာအစိုးရ ကြားဖြတ် ဖောက်ဖတ်နိုင်ဟုဆို
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဂူဂဲလ်မှ အခမဲ့သုံးခွင့် ပြုထားသည့် ဂျီမေးလ်နှင့် ဂျီတော့ပ်များကို အစိုးရအနေဖြင့် ကြားဖြတ် စောင့်ကြည့်၊ ဖောက်ထွင်းနိုင်ကြောင်း အင်တာနက်လုံခြုံရေးဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်သူများက ပြော သည်။
Wednesday, 23 November 2011
မြတ်စွယ်တော်ကို ရန်ကုန်သို့ ပင့်ဆောင်
ဒဂုံတောင်ကျီစု ကျေးရွာမှ လူမဆန်သောလုပ်ရပ်...
ဒဂုံတောင်ကျီစုကျေးရွာမှ လူမဆန်သောလုပ်ရပ်
(တိုင်ကြားစာ)
ကျွန်တော်တို့ (NLD ပါတီဝင်) အများစုဖြင့် စုစည်းထားသည့် Health Care for Helpless Patients (ဆင်းရဲချို့တဲ့အကူအညီမဲ့ နာမကျန်းသူများအား ကူညီ စောင့်ရှောက်သူများ)မှ အမေ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုကို ခံယူလျက် ဆင်းရဲနွမ်းပါးသူများ အများစုနေထိုင်ရာ နေရာများတွင် အခမဲ့ကုသိုလ်ဖြစ် ဆေးခန်းများ ဖွင့်ပေးရန် ရည်ရွယ်ချက်ထား လုပ်ဆောင်ခဲ့ပြီး ကျီစုကျေးရွာအုပ်စုတွင် 21-11-2011 ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။
Tuesday, 22 November 2011
ဒယ်အိုးဆရာတော်ကို သတိပေးရန်ရှိ
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာတနိုင်ငံလုံးရှိ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသည့် အသင်း၊ အဖွဲ့များမှ ကိုယ်စားလှယ်များကို ခေါ်ယူကာ “ပရဟိတ နှီးနှောဖလှယ်ပွဲ” ကျင်းပခဲ့သည့် ရန်ကုန်တိုင်း မှော်ဘီမင်္ဂလာတိုက်မှ
ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလကို သတိပေးရန် ဗုဒ္ဓဟူးနေ့တွင် ပင့်ဆောင်ထားသည်ဟု ရန်ကုန်တိုင်း သံဃာ့ နာယကရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။
ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလကို သတိပေးရန် ဗုဒ္ဓဟူးနေ့တွင် ပင့်ဆောင်ထားသည်ဟု ရန်ကုန်တိုင်း သံဃာ့ နာယကရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။
ဦးခင်အောင်မြင့် စောဒက ကိုယ်တိုင်ပြန်ရုပ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြီး ဖြစ်သည့် ဥပဒေများကြမ်းများကို အခြေခံ ဥပဒေ ခုံရုံးသို့ ပေးပို့စိစစ်ပြီး သမ္မတ လက်မှတ်ထိုးကာ ဥပဒေအဖြစ် ထုတ်ရန် အထက်လွှတ်တော် နာယက ဦးခင်အောင်မြင့်က လိုလားခဲ့သော်လည်း သောကြာနေ့တွင် ပြန်လည် ရုပ်သိမ်းလိုက်သည်။
Monday, 21 November 2011
Ashin Pyinnyar Nanda – အညတရအကျဉ်းသားရဟန်းတော်များ (၉) မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသ
၀၀၇ ရွှေဝါရောင်အရေးအခင်းကာလ“ဆရာတော်ဘုရား ပခုက္ကူနဲ့ရန်ကုန်မှာတော့ နအဖစစ်အစိုးရက လမ်းလျှောက်မေတ္တာပို့တဲ့ဘုန်းကြီးတွေကို ရိုက်နှက်ဖမ်းဆီးတဲ့အပြင် ဘုန်းကြီးကျောင်းတွေကိုလည်း ၀င်ရောက်ဖျက်ဆီးကုန်ပြီဘုရား။ အဲဒီကိစ္စနဲ့ပက်သက်လို့ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူစတဲ့မြို့တွေမှာ စစ်အာဏာရှင်တွေကို ပတ္တနိကုဇ္ဖနကံဆောင်ဘို့ ပြင်နေကြပြီဘုရား တပည့်တော်လည်း ….
(စကားမဆုံးလိုက်)
NLD အမှတ်တံဆိပ် ပြောင်းလဲ အသုံးပြုမည်
နယူးဒေလီ(မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အမှတ်တံဆိပ်ဖြစ်သော ခမောက်ပုံကို ပါတီပြန်လည် မှတ်ပုံတင်ရာ၌ အသုံးပြုတော့မည် မဟုတ်ကြောင်း သိရသည်။
ကြံ့ခိုင်ရေးရုံး ဗုံးပေါက်ကွဲ
ရန်ကုန် (မဇ္ဈိမ) ။ ။ ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် အမှတ် ၁ ရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီရုံးတွင် တနင်္ဂနွေနေ့ နံနက် ၈ နာရီ မိနစ် ၅၀ ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မြန်အောင် မြို့နယ် ရဲစခန်းထံမှ သိရသည်။
Saturday, 19 November 2011
နေရာရွေ့သော ပစ်မှတ်(ပြည်သူ.အတွက်ဆိုတဲ့စစ်သားတွေအတွက်ပါ)
NLD နဲ့ ၈၈ ညီညွတ်ရေးတပ်ပေါင်းစု (မောင်ဝံသ)
၁၁ သုံးလုံး သို့မဟုတ် ၁ ခြောက်လုံး ဂုဏ်ပြုမိတ်ဆုံပွဲကို Eleven မီဒီယာအုပ်စုက ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ အကြောင်း ကျနော်စာတိုတပုဒ်ရေးပြီး face book တင်ခဲ့ ပါတယ်။ နိဂုံးချုပ်အဖြစ်အောက်ပါစာသားများကို ရေး လိုက်ပါတယ်။
NLD ရွေးကောက်ပွဲဝင်မည့် ဆုံးဖြတ်ချက် ကြိုဆိုကြ
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြန်လည် မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်သည်ကို ပြိုင်ဘက်ဟောင်းများနှင့် မိတ်ဆွေများက ကြိုဆိုလိုက်ပြီး NLD နှင့် ပူးပေါင်းရန် ဆန္ဒရှိကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၏ မူဝါဒရေးရာကော်မတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောသည်။
သာသနာတော်အကျိုးနဲ့  ပရဟိတ ကူညီပံ့ပိုးမှုလုပ်တာကို တားဆီးချူပ်ချယ်တယ်ဆိုတော့ သံဃာနယကအဖွဲ့ ဆိုတာ ဘာအဖွဲ့ လည်း။ သင်္ကန်းအရေခြုံ အာဏာရှင် အဖွဲ့ လား။
Friday, 18 November 2011
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိသျှပါလီမန်အမတ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန၀န်ကြီး အင်ဒရူး မစ်ချယ်တို့ အမေ့အိမ် (အခမဲ့) ပညာဒါနကျောင်းသို့ သွားရောက်လေ့လာကြည့်ရှု..
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမေ့အိမ် (အခမဲ့) ပညာဒါနကျောင်းသို့ ယနေ့ ၁၇ ရက်နေ့ နိုဝင်ဘာလ ၂၀၁၁ ခုနှစ် နံနက် ၁၀နာရီဝန်းကျင်ခန့်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိသျှပါလီမန်အမတ် အစိုးရအဖွဲ့ဝင်နှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန၀န်ကြီး အင်ဒရူး မစ်ချယ်တို့မှ သွားရောက် လေ့လာခဲ့ကြပါသည်။
ဗြိတိန်ဝန်ကြီး၏ ထောက်ကြံ့စစ်သင်္ချိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲနှင့် လာမည့်လေးနှစ်တာ အတွင်း ဗြိတိန်နိုင်ငံမှ ပေါင်စတာလင် ၁၈၅သန်း ကူညီထောက်ပံ့ ပေးအပ်သွားမည့် အစီအစဉ်.. ကြေငြာချက်၊
မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ဗြိတိသျှပါလီမန်အမတ် အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန၀န်ကြီး H.E. Mr.Andrew John Bower Mitchello သည် ယနေ့ ညနေ ၅ နာရီခန့်က ရန်ကုန်၊ ထောက်ကြံ့စစ်သင်္ချိုင်းတွင် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးသွားခဲ့သည့် မဟာမိတ်စစ်သားများအား ရည်စူး၍ လွမ်းသူပန်းခွေ ချခဲ့ပြီး သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့ပါသည်။
ရဟန်းသံဃာတော်တွေရဲ့  ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းများအပေါ် ဖိအားပေးပြီး ပိတ်ပင်တားဆီးနေဆဲ ဖြစ်တဲ့ အာဏာရှင်အလိုကျ “နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ကြီး” ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ယနေ့ ဆုံးဖြတ်ချက်။
(၁) အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်မည်။
(၂) နောင်လာမည့် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်။
(၂) နောင်လာမည့် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်။
Thursday, 17 November 2011
စင်္ကာပူမှ သတင်းဆိုး
စင်္ကာပူရောက် မြန်မာအမျိုးသမီးတဦး တိုက်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ သိရပါတယ်။ သတင်းအပြည့်အစုံကို http://shwelone.com/index.php?option=com_content&view=article&id=1197:2011-11-16-20-34-01&catid=3:breaking-news&Itemid=274 မှာ ဖော်ပြထားပါတယ်။ယနေ့ လှိုင်သာယာရောက် အထူးဧည့်သည် နှစ်ဦး
ရွှေတံဆိပ်တခုသာ ဆွတ်ခူးနိုင်သေးသည့် မြန်မာအားကစားအဖွဲ့
အင်ဒိုနီး ရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၆ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မြန်မာအားကစားအဖွဲ့ဟာ အားကစားနည်း ၃၀ မျိုးမှာ အားကစားသမား ၄၇၀ ကျော် ပါဝင်ယှဉ်ပြိုင်နေပြီး နိုဝင်ဘာလ ၁၆ ရက်နေ့ညနေပိုင်းအထိ ရွှေတံဆိပ်ဆု တခုသာ ဆွတ်ခူးနိုင်သေးပြီး ပွဲစဉ်အများစုမှာ ငွေနဲ့ကြေးတံဆိပ်ဆုတွေကို ရရှိခဲ့ပါတယ်။နေရွှေသွေးအောင် ဥရောပသို့ ခရီးထွက်
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်သည် ရန်ကုန်မြို့ရှိ ဥရောပသံရုံးတခုက ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးသဖြင့် ဥရောပသို့ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထွက်ခွာသွားသည်ဟု စုံစမ်း သိရှိရသည်။
NDF ပါတီက လူငယ်အဖွဲ့တွေ ဖွဲ့တော့မည်
ပါတီရဲ့ စည်းရုံးရေး လုပ်ငန်းတွေကို အားမြှင့် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက တစ်နိုင်ငံလုံးမှာ လူငယ်အဖွဲ့တွေ စတင် ဖွဲ့စည်းသွားဖို့ မနေ့က ဆွေးနွေး ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
(Photo: AFP)
Wednesday, 16 November 2011
သံဃာတော်တွေဆန္ဒပြရာ လူတွေ ရာနဲ့ချီ စုဝေး
မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးရဲ့  အရှေ့ဘက်မုဒ်ဦးမှာရှိတဲ့ မဟာဗုဒ္ဓဝင် ပြတိုက်ကြီး အပေါ်ထပ်မှာ ဒီကနေ့ သံဃာ ၅ ပါး ဆန္ဒပြခဲ့ကြရာမှာ ရာဂဏန်းရှိတဲ့သူတွေ လာရောက် စုဝေးခဲ့ကြပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေအတွက် တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေကို သံဃာ့မဟာနာယကဆရာတော်ကြီးတွေက ရပ်ဖို့ နားချညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီး အခုတော့ ဆန္ဒပြကိုယ်တော်တွေကို မစိုးရိမ်တိုက်ဟောင်းကို ခေါ်သွားတယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးတရားပွဲ(၁၆/၁၁/၂၀၁၁)
ယနေ့ နံနက် ၁၁နာရီ ခွဲခန့်အချိန်တွင် ဆန္ဒထုတ်ဖော်ခဲ့သော ဦးဇင်း ၅ပါးနှင့်အား မန္တလေးမစိုးရိမ်ကျောင်းတိုက်ဟော င်းမှ သံင်္ယာအပါး ၆၀၀ ကျော်အား ဒီမိုကရေစီလိုလားသူ မြို့ခံ များက နေ့ဆွမ်းကပ်လှူကြောင်း သိရသည်။
ဒီကနေ့ (၁၆/၁၁/၂၀၁၁) ရက်နေ့ နေ့လည် ၁ နာရီမှာ ဆန္ဒထုတ်ဖော် ပြသတဲ့သံဃာတော်တွေ တရားဟောပွဲ စတင်၍ နေ့လည် ၂နာရီမှာ ပြီးဆုံးသွားတယ်လို့ သိရပါတယ်။တရားပွဲအပြီးတွင် ဆန္ဒပြဆရာတော်တွေက မစိုးရိမ်ကျောင်းတိုက်ကနေ ဘုရားကြီးရေတော်ကျောင်းသို့ ပြောင်းရွှေ့သွားပါတယ်။
လုံခြုံရေးအခြေအနေလည်း ကောင်းတယ်။ဘုရားကြီးရေတော်ကျောင်းက ဆရာတော်တွေက စောင့်ရှောက်ပေးထားကြတယ်လို့ သတင်းရရှိပါတယ်။
မန္တလေးဆန္ဒပြသံဃာတော်များ ဟောပြောရက်လျော့
ချင်းမိုင် (မဇ္ဈိမ) ။ ။ မန္တလေးမြို့တွင် ဆန္ဒပြနေသည့် သံဃာငါးပါးက မန္တလေးတိုင်း သံဃာ့နာယက ဥက္ကဌ ဆရာတော် အပါအဝင် ဆရာတော်ကြီး ၁ဝ ပါး၏ မေတ္တာရပ်ခံချက်ကြောင့် ဟောပြောမည့်ရက်ကို လျော့ချလိုက်
ကြောင်း သိရသည်။
“သူတို့ သုံးရက်ဆိုပြီး မူလက စီစဉ်ထားပေမယ့် စာသင်ကျောင်းတိုက်ဖြစ်တဲ့အတွက် အခြားသံဃာတွေရဲ့ စာသင်ကြားမှုတွေမှာ အခက်အခဲဖြစ်လာနိုင်တဲ့အတွက် အဲဒီ သုံးရက်လုံးမလုပ်ပဲ ဆရာတော်ကြီးတွေရဲ့ သြဝါဒအတိုင်း ဒီနေ့ တရက်ထဲ လုပ်မယ်ဆိုတာကို ရှင်းပြတယ်” ဟု သံဃာ အများစုပါဝင်သည့် ပရိတ်သတ် ၁၂ဝဝ ကျော်ထဲမှ ပရိသတ်တဦးက မဇ္ဈိမကို ပြောသည်။
ဆန္ဒပြသံဃာတော်များသည် မစိုးရိမ်တိုက်ဟောင်းတွင် နေ့လယ် ဆွမ်းဘုန်းပေးအပြီး ဆွမ်းစားဆောင်၌ပင် ဆရာတော်ကြီးများ၏ သြဝါဒကို ဒါယကာ၊ ဒါယိကာမ အယောက် ၂ဝ ကျော်နှင့် အရပ်ဝတ် ထောက်လှမ်းရေးများ
ရှေ့တွင် ၁၅ မိနစ်အကြာ ခံယူခဲ့ကြသည်။
“ညှိလိုက်တဲ့အခါမှာ ယေဘူယျအားဖြင့် သူတို့ လက်ခံတယ်ပေါ့” ဟု သြဝါဒပေးသည်ကို ကိုယ်တိုင်ကြားခဲ့သူ မြို့ခံက ဆိုသည်။
ပြည်တွင်းစစ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်း လွှတ်ပေးရေး တောင်းဆိုထားချက်များကို သမ္မတ ဦးသိန်းစိန်ထံ လိပ်မူ ပေးပို့ထားပြီး၊ မိတ္တူကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော် သံဃာ့ မဟာနာယကထံ ပို့ထားကြောင်းလည်း ဆန္ဒပြသံဃာတော်များက ပရိသတ်ကို အသိပေးခဲ့သည်။
“အဲဒီအပေါ်မှာ အခုကြွလာတဲ့ သံဃာတော်တွေ ဒါယကာ၊ ဒါယိကာမတွေ သဘောတူညီခြင်းရှိ၊ မရှိ မေးခွန်း
မေးပါတယ်။ အားလုံးက သဘောတူပါတယ်ဆိုပြီး ထောက်ခံမှု သုံးကြိမ်ပေးပါတယ်” ဟု ဟောပြောပွဲလာ ပရိသတ် တဦးက ဆက်ပြောသည်။
ဆန္ဒပြမှုကိုဦးဆောင်သော အရှင်သောပါက က အကျဉ်းကျနေသော သံဃာတော်အချို့ မကြာမီ လွတ်မြောက် လာလိမ့်မည်ဟု မျှော်လင့်ထားသည်ကို ပရိတ်သတ်ကို ထည့်သွင်းမိန့်ကြားခဲ့သည်ဟု သိရသည်။
မစိုးရိမ်ကျောင်းတိုက်ဟောင်းအတွင်းရှိ သုတ္တန္တနယူပဒေသ ကျောင်းဆောင်ရှေ့ ကွက်လပ်တွင် ပြုလုပ် ခဲ့သည့်
ဟောပြောပွဲကို မေတ္တသုတ်ရွတ်ဆိုပြီးနောက် ရွှေဝါရောင်တော်လှန်ရေးကာလ သံဃာတော်များ ရွတ်ဆိုခဲ့သည့် “လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ” “တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ” ဆိုသည့် ကဗျာကို ပရိတ်သတ်များနှင့် သံဃာငါးပါး စုပေါင်း ရွတ်ဆိုကြပြီး ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

မန္တလေးဆန္ဒပြမှု သံဃာတပ်ပေါင်းစုထောက်ခံ
Tuesday, 15 November 2011
မန္တလေးသံဃာဆန္ဒပြမှု နောက်ဆက်တွဲ
Mandalay Breeze ရဲ့ ဖေ့စ်ဘုတ်မှာ တွေ့ရတဲ့ အချက်အလက်နဲ့ ဓာတ်ပုံများ
နေ့လည် (၁၂) နာရီတွင် ခေတ္တ ရပ်ဆိုင်းထားပြီး နေ့လယ် ၁ နာရီ ၁၅ တွင် ပြန်လည် စတင်မည်ဖြစ်သည်..။
ဆန္ဒပြမှု ဆက်လက်လုပ်ဆောင်သွားမည်ဟု ရဟန်းများမိန့်ကြား
ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေးအတွက် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြတ်မုနိ ဘုရားကြီးဝင်းအတွင်း ဆန္ဒပြနေသော ရဟန်းများက ဆန္ဒပြမှု ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မိန့်ကြားသည်။
Sunday, 13 November 2011
နောက်တသုတ်လား ... ဘယ်နှဦးပါမလဲ
နိုင်ငံရေး အကျဉ်းသားအရေအတွက် ပြဿနာကို ဒီကနေ့ အစိုးရ ကျောထောက်နောက်ခံ လူ့အခွင့်အရေးအဖွဲ့ရဲ့ ရှေ့ပြေး လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်မှာ တွေ့ရပါတယ်။
အနောက်နိုင်ငံတွေနဲ့ မီဒီယာတွေ ပြောသလို နိုင်ငံရေး အကျဉ်းသား ၂၀၀၀ စာရင်းနဲ့ တိုက်ကြည့်တာ ၅၀၀ ပဲရှိတယ်လို့ အစိုးရက လုပ်လာပါပြီ။ အဲဒီအထဲမှာလည်း ၂၀၀ ကို လွှတ်ပေးပြီးပြီတဲ့။ ဆိုလိုတာက ၃၀၀ လွှတ်ပေးပြီးရင် သူတို့ တာဝန်ကျေပြီဆိုတဲ့ သဘောဖြစ်နေပါတယ်။
နိုင်ငံရေး အကျဉ်းသားဆိုတာနဲ့ ပတ်သက်လို့ AAPP ကလည်း ဖွင့်ဆိုချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ပြစ်မှုအရ သတ်မှတ် ရေတွက်တဲ့အခါမှာတော့ အစိုးရက ဘယ်လို သတ်မှတ်တယ်ဆိုတာတော့ ရေရာစွာ မသိရပါဘူး။
နောက်ပြီး ဒီနေ့ သတင်းစာက တဆင့် ကြေညာချက်မှာ ထပ်ပြောထားတာက မလွှတ်ပေးနိုင်သေးသူတွေကို နယ်ဝေးကနေ မိသားစုနဲ့ နီးတဲ့ထောင်ကို ရွှေ့ဖို့ဆိုတဲ့ ကိစ္စ ပါလာပါတယ်။ နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ လွှတ်ပေးရေး တောင်းဆိုနေချိန်မှာ အနေအထိုင်မတတ်သူများလို့ ဝေဖန်ခံနေရသူတချို့က အောက်ဈေးကို စေတနာဗရပွနဲ့ဝင်ပြီး ထောင်ရွှေ့ရေး ဝင်ပြောလာခဲ့ရာက အစိုးရကလည်း ချော်လည်း ရောထိုင် လုပ်လာတာကို မြင်ရပါတယ်။

သူရသတ္တိဆု
မင်းပြား မြို့မဈေးတခုလုံး မီးလောင်ပြာကျ၊ သိန်းပေါင်း သောင်းချီ၍ ဆုံးရှုံး
မင်းဆက်ခိုင်
------------
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ယနေ့(နိုဝင်ဘာလ ၁၂ရက်နေ့) ညနေ ၇နာရီ အချိန်ခန့်တွင် မီးလောင်မှုတခုဖြစ်ပွါးခဲ့ရာ မင်းပြားမြို့မဈေးကြီးတခုလုံးမှာ မီးလောင်ပြာကျသွားကြောင်း သိရသည်။
------------
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ယနေ့(နိုဝင်ဘာလ ၁၂ရက်နေ့) ညနေ ၇နာရီ အချိန်ခန့်တွင် မီးလောင်မှုတခုဖြစ်ပွါးခဲ့ရာ မင်းပြားမြို့မဈေးကြီးတခုလုံးမှာ မီးလောင်ပြာကျသွားကြောင်း သိရသည်။
ကဗျာအပေါ်အမြင်ကို ကဗျာနဲ့  ဖေါ်ကျူးတဲ့ ပြည်သူ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကဗျာများနဲ့ အတူ။
“ကျွန်မဟာ ကဗျာဆရာ မဟုတ်ပါဖူး။ ကဗျာလေးတစ်ပုဒ် ရေးပေးပါဆိုတော့ ကဗျာကို မြတ်နိုးတန်ဖိုးထားတဲ့သူတစ်ယောက်အနေနဲ့ ပဲ ကဗျာအပေါ်အမြင်ကို ကဗျာပုံစံမျိုးနဲ့  ရေးလိုက်ပါတယ်”။
"ကဗျာဆိုတာ" - by Daw Aung San Su Kyi
ကဗျာဆိုတာ
လူ့စဉ်းစာဥာဏ်ရဲ့ ပဲ့တင်သံ၊
နှလုံးသားရဲ့ ခုန်လှူပ်သံ၊
လူ့စိတ်ဓာတ်ရဲ့ မြည်ဟီးသံ၊
လူ့မျှော်လင့်ချက်ရဲ့ သီကျူးသံ၊
ကဗျာဆိုတာ
ကျမတို့ရဲ့ ရုန်းကန်သံ ပါပဲ။
(အောင်ဆန်းစုကြည်)။
အားပေးထောက်ခံတယ်ဆိုပြီးတော့ သေဒဏ်ချမှတ်တာ၊ လွတ်ငြိမ်းချမ်းသာခွင့် မရတာ၊ လျှော့ပေါ့ခံစားမှု မပေးတာတွေက မဖြစ်သင့်ပါဖူး။
SSA (S) တပ်ကို ထောက်ခံလို့ ရွာလုံးကျွတ် ယောက်ကျားမှန်သမျှ အဖမ်းခံရပြီး (ဘိန်းမဲ)နှင့် ထောင်ချခံထားရသော လူ (၄၀) ခန့် သာယာဝတီထောင်မှာ ရှိနေပါတယ်။ ၎င်းတို့ဟာ နိုင်ငံရေးအရ အဖမ်းခံထားရသော်လည်း နိုင်ငံရေးအကျဉ်းသားလို့ စာရင်းမ၀င် အသိအမှတ်ပြုခြင်း မခံရပါ။ ထိုနည်းတူ နိုင်ငံရေးသမားများနည်းတူ လျော့ရက်ခံစားခွင့်ဆိုတာလည်း မရရှိကြတဲ့သူများဖြစ်ပါတယ်။
ကျောက်ပန်းတောင်းမှ စစ်ဗိုလ်တစ်ဦး၏ ကြိုတင်ကြံစည် လူသတ်မှု။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့တွင် ဒုဗိုလ်ဝေယံလင်းမှ မောင်သန့်ဇင်ထွန်းဆိုသူ လူငယ်အား ငွေရယူလိုမှုဖြင့် ကြိုတင်ကြံစည် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွါးခဲ့ပါသည်။
Saturday, 12 November 2011
လွတ်မြောက်လာသော အကျဉ်းကျသံဃာများ သိက္ခာထပ်ပွဲ
ထောင်ကျ ဆရာတော် ကျန်းမာရေး စိုးရိမ်ရ
ဟင်္သာတ အကျဉ်းထောင်မှာ ၂၃ နှစ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အရှင် ဦးကေလာသ ကျန်းမာရေး ချွတ်ယွင်းနေလို့ အပြင်ဆေးရုံမှာ ကုသလိုပေမဲ့ ထောင် အာဏာပိုင်တွေက ခွင့်မပြုဘူးလို့ သိရပါတယ်။
AFP
အလှအပခံစားတတ်တဲ့ ကိုပေါ် (မောင်ဝံသ)
မနေ့ညက အလဲဗင်းမီဒီယာအုပ်စုက ကမကထပြုကျင်းပတဲ့ ၁ ခြောက်လုံးပွဲ၊ ကျွန်တော့်အခေါ် ၁၁ သုံးလုံး ဂုဏ်ပြုပွဲက အပြန် ကျွန်တော့်မှာ အတွေးရေလျဉ်ကြော မျောလို့ မဆုံးနိုင် ဖြစ်ခဲ့ရပါတယ်။
တွေးမိသလောက် ရေးချရရင်လဲ အခန်းဆက် ၀တ္ထုရှည်ကြီးတစ်ပုဒ်လောက် ရေးစရာတွေရှိတယ်။ သို့သော် ကျွန်တော့်မှာ လတ်တလော ရေးရမယ့်တာဝန်တွေက တစ်ပတ်ပြီးတစ်ပတ် ဖိစီးနေလေတော့ အတိတ် အကြောင်း ချင်းရာတွေကို ခဏ ရွှေ့ဆိုင်းထားရပါတယ်။

ကိုယ်စားပြုသူတွေ အချိန်မှီ ရောက်မလာနိုင်သေးတဲ့ ခုံနံပါတ် (၁၁)
Eleven Media Group မှ ကျင်းပတဲ့ ၁၁.၁၁.၂၀၁၁ တစ်ခြောက်လုံးနေ့ အခမ်းအနား....
(ကိုယ်စားပြုသူတွေ အချိန်မှီ ရောက်မလာနိုင်သေးတဲ့ ခုံနံပါတ် ၁၁)
Friday, 11 November 2011
လီလီပန်းလေးများရဲ့ နောက်ကွယ်မှာ… (ဂဠုန်ဦးစောမိသားစု၏ ဘ၀ဖြတ်သန်းမှု)
ဒေါ်မွန်မွန်ရင် (ဂဠုန်ဦးစော၏မြေး)
(စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်ထုတ် 7 Days Journal တွင် ဖော်ပြသော စာရေးသူ ငြိမ်းငြိမ်းနိုင်၏ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည် လို့ ဖေ့ဘုတ်မှာ ရေးထားပါတယ်)
Subscribe to:
Comments (Atom)