ချင်းမိုင်(မဇ္ဈိမ)။ ။ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေ ကို ပယ်ဖျက်ပေးရန် လယ်သမားအစုဖွဲ့ တဖွဲ့က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်းပေါ်ရှိ အိုးအိမ်ဖွံ့ဖြိုးရေးဌာန ရုံးရှေ့တွင် ကြာသပတေးနေ့ နံနက် ကိုးနာရီခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ရန်ကုန်တိုင်း သံလျင်၊ ကော့မူး၊ တွံတေး၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှ လယ်သမား (၄၀) ကျော် က "လန ၃၉" ကို ဖျက်သိမ်းပေးရန်၊ သိမ်းဆည်းခံ လယ်မြေများ ပြန်လုပ်ခွင့်ပေးရန်၊ “ ငွေကိုမလို မြေသာလို တယ်” ဟု ရေးသားထားသော လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စုဝေးခဲ့ကြသည်။ အချိန်အနည်းငယ် အကြာတွင် ရဲကား ခြောက်စီးမှ ရဲသား ၁၀၀ ကျော် ရောက်ရှိလာကာ လူစုခွဲခိုင်းခဲ့သည်။
လယ်သမားများ ပယ်ဖျက်စေလိုသော "လန ၃၉" လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေသည် ၁၉၅၃ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့သည့် ဥပဒေ ဖြစ်သည်။
No comments:
Post a Comment