Friday, 28 October 2011

ရန်ကုန်တွင် ဆန္ဒပြသည့် ရှေ့နေကိုဖိုးဖြူနှင့် လယ်သမားများကို အရေးယူ

Associated Press သတင်းဌာန
အောက်တိုဘာ ၂၈၊ ၂၀၁၁ယမန်နေ့က လုံခြုံရေးအရာရှိတို့နှင့် ရင်ဆိုင်နေရသော ကိုဖိုးဖြူနှင့် လယ်သမားများ (ဓာတ်ပုံ – reuters)

လယ်ယာမြေများ မတရားသိမ်းပိုက်ခံရသည်ဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြသူ ၇ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ တရားစွဲလိုက်သည်။ ဒီမိုကရေစီအပြောင်းအလဲများ ပြုလုပ်နေသည်ဟူသော အစိုးရကို ကမ္ဘာက စောင့်ကြည့်နေစဉ် ဤသို့ တရားစွဲလိုက်ခြင်း ဖြစ်သည်။
ထိုသို့ အရေးယူခံရသူများထဲတွင် အလုပ်သမားအရေး ကူညီသူ ရှေ့နေကိုဖိုးဖြူလည်း ပါဝင်သည်ဟု ရဲအရာရှိတယောက်က ပြောသည်။ ကိုဖိုးဖြူသည် ယမန်နေ့က အလုပ်သမား ၃၀ ကျော်နှင့်အတူ ရန်ကုန်ရှိ အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနရုံးရှေ့တွင် ဆန္ဒပြခဲ့သည်။
၎င်းတို့ကို အခွင့်မရှိဘဲ လူစုလူဝေး ပြုလုပ်ခြင်း၊ လူစုခွဲရန် ရဲတပ်ဖွဲ့က အမိန့်ပေးသည်ကို မလိုက်နာခြင်း စသည့် အမှုများဖြင့် အရေးယူထားသည်ဟု ရဲအရာရှိက ပြောသည်။
ထိုအမှုများမှာ ထောင်ဒဏ် ၆ လမှ တနှစ်အထိ ချမှတ်နိုင်သည်။

No comments:

Post a Comment