
မော်စကိုမြို့သူမြို့သားများရဲ့ ဆန္ဒပြမှု - AP
အရင်တပတ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ် ဆိုပြီး ၀န်ကြီးချုပ် ဗလာဒီမီယာ ပူတင်ကို ရုရှမှာ ထောင်သောင်းချီတဲ့ ပြည်သူတွေက “သူခိုးကြီး ပူတင်” “ပူတင်ကို ရုရှမှာ အလိုမရှိ” ဆိုပြီး မနေ့က ဆန္ဒပြကြပါတယ်။လာမယ့် ၂၄ ရက်နေ့မှာ ဒီထက်များတဲ့ လူအုပ်ကြီးနဲ့ ဆန္ဒထပ်ပြအုံးမယ်လို့ အတိုက်အခံခေါင်းဆောင်တွေက ပြောနေကြပါတယ်။
ဆန္ဒပြပွဲထဲ ပါဝင်လာသူတွေကတော့ အရောင်စုံပါပဲ။ အမျိုးသားရေးဝါဒီတွေ၊ အနောက်နိုင်ငံတွေဘက် ယိမ်းသူတွေ၊ ကွန်မြူနစ်တွေ အစုံပါဝင်ပါတယ်။ အယူအဆ မတူကြပေမယ့် ပူတင်ကို စိတ်ကုန်နေပုံတော့ တူနေကြပါတယ်။
AP
ဆန္ဒပြပွဲကို မြို့အတော်များများမှာ ချိန်ကိုက်ပြုလုပ်တာဖြစ်ပြီး လူ သုံးလေးသောင်း ၀န်းကျင် ပါဝင်တဲ့ မြို့တော် မော်စကိုဆန္ဒပြပွဲက အကြီးဆုံးပဲလို့ ရုရှက လာတဲ့ သတင်းများက ဆိုပါတယ်။
ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ် လို့ ပြည်သူအများအပြား ယူဆကြသလို လေ့လာစောင့်ကြည့်အကဲခတ်သူတွေကလည်း ယူဆကြပါတယ်။ကရင်မလင်နန်းတော်ကို ကာကွယ် ထားတဲ့ လုံထိန်းကားများ - Reuters


No comments:
Post a Comment