အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် လက်နက်အသစ်အဆန်းတမျိုး မကြာသေးမီက တပ်ဆင်လိုက်သည်။လက်နက်အပြောင်းအလဲသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထူး အလေးပေးထားကြောင်း တွေ့ရှိရသည်ဟု အကဲခတ်များက ခပ်တည်တည် သုံးသပ်နေကြသည်။
"အခုက ဒမိုကလေစီ အစိုးရလေ။ အရင်လို သေနတ်ကြီး တကားကားဆို လူတွေ လန့်မှာ စိုးလို့လေ။ အခု လက်နက် အသစ်ကို environment friendly သေနတ်လို့ခေါ်တယ်။ ငှက်ပျောသီးလက်နက် ဆိုတော့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတယ် မဟုတ်လား။ environment friendly သေနတ်များ မြန်မာရဲများ စတင် အသုံးပြုနေပြီ ဆိုပြီး သတင်းတပုဒ် ရေးလိုက်အုံးမယ်" ဟု ဒေသတွင်း လုံခြုံရေးဆိုင်ရာများကို နှစ်အတန်ကြာ သုံးသပ် အကဲဖြတ်နေသည့် နယူးဒေလီ အခြေစိုက် အမည်မဖော်လိုသူ ဒေါ်ဇာနည်မာနက ပြောသည်။

No comments:
Post a Comment